Apple iWatch တပ်ဆင်ရန် အမှာစာအတွက် တိုင်ဝမ် ကုမ္ပဏီ နှစ်ခုအောင်မြင်

တိုင်ဝမ် နိုင်ငံရှိ အီလက်ထရောနစ် ကုမ္ပဏီကြီး နှစ်ခုသည် "iWatch" ပြုလုပ်ရန် အစိတ်အပိုင်းများဟု သေချာသလောက်ရှိသော အစိတ်အပိုင်းများကို
တပ်ဆင် ထုတ်လုပ်ရန် Apple ထံမှ အမှာစာများ လက်ခံရရှိခဲ့ကြောင်း သြဂုတ်လ (၂၈) ရက်နေ့က လေ့လာသူ တစ်ဦးနှင့် သတင်းတို့တွင် ဖော်ပြခဲ့သည်။

Apple သည် ၄င်း၏ ထုတ်ကုန်သစ် တစ်ခုဖြစ်သော "iWatch" ကို ၂၀၁၄ ခုနှစ်တွင် ဈေးကွက်တင် မိတ်ဆက်ရန် အလားအလာရှိပြီး ၊ စုစုပေါင်း အမှာစာ၏ (၆၀%) ကို လက်ခံ ရရှိထားသော Inventec ကုမ္ပဏီသည် "iWatch" ပြုလုပ်ရန် အဓိက အစိတ်အပိုင်း ထုတ်လုပ် တပ်ဆင်မည့် ကုမ္ပဏီဖြစ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့ကြောင်း CIMB လုံခြုံရေး လေ့လာသူ Wanli Wang က အစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားသည်။  "iWatch" အတွက် ဒုတိယ အမှာစာ အများဆုံး လက်ခံရရှိသည့် ကုမ္ပဏီသည် Quanta Computer ကုမ္ပဏီဖြစ်ကာ စုစုပေါင်း အမှာစာ၏ (၄၀%) ကို လက်ခံ ရရှိထားကြောင်း တိုင်ဝမ်နိုင်ငံ Apple နေ့စဉ် သတင်းစာ တစ်ခုက အမည်မဖေါ်လိုသော သတင်းရင်းမြစ်များကို ကိုးကားဖော်ပြခဲ့သည်။

http://www.channelnewsasia.com/news/technology/taiwan-wins-apple-iwatch/...

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post