Looking For Anything Specific?

ads header

တစ်ကမ္ဘာလုံး အင်တာနက် ရရန် နည်းပညာ ကုမ္ပဏီ ၇ ခု ပေါင်းစည်းမည်

တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အင်တာနက် အသုံးပြုလာနိုင်ရေး (To make the world more open and connected”) ရည်ရွယ်ချက်ဖြင့်
ကမ္ဘာ့ နည်းပညာ ကုမ္ပဏီကြီး ၇ ခုမှ စတင် ကြိုးပမ်းနေပြီ ဖြစ်သည်။ Internet. org ဆိုဒ်ကို ရရှိရန်  Facebook, Ericsson, MediaTek, Nokia, Opera, Qualcomm, and Samsung တို့မှ အသီးသီး တာဝန်များ ခွဲကာ လုပ်ဆောင်နေပြီ ဖြစ်သည်။
 
အဆိုပါ Internet. org ၀ဘ်ဆိုဒ် နံမည်အား Facebook တည်ထောင်သူနှင့် အမှုဆောင် အရာရှိချုပ် ဖြစ်သူ Mark Zukerberg ကိုယ်တိုင် တရားဝင် ကြေညာပြီး မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ကမ္ဘာ့ လူဦးရေ ၇ ဘီလီယံ အနက် အင်တာနက် အသုံးပြုနိုင်သူ ဦးရေ ၂.၅ ဘီလျံ ဝန်းကျင်သာ ရှိသေးပြီး ပထမ စီမံကိန်းအတွက် ၅ ဘီလျံ ဖြစ်လာရန် ရည်ရွယ်ထားသည်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ အင်တာနက် အသုံးပြုရန် လွယ်ကူနေပြီ ဖြစ်သော်လည်း ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှု နောက်ကျနေသည့် နိုင်ငံများတွင် အင်တာနက် ရရှိရန် ခက်ခဲနေဆဲ ဖြစ်သည်။ အဆိုပါ နည်းပညာ အဖွဲ့များ အနေဖြင့် ၎င်းတို့၏ လုပ်ဆောင်နိုင်မှုများကို အချိန်နှင့်တစ်ပြေးညီ သတင်းပေး တင်ပြသွားမည် ဖြစ်သည်။
 
 
 
 
 

Post a Comment

0 Comments