မြေပုံ ၀န်ဆောင်မှုများ ကောင်းမွန်လာစေရန် Embark ဆော့ဖ်ဝဲကုမ္ပဏီအား Apple ၀ယ်ယူ

Apple Inc. (AAPL) သည် ၄င်း၏ မြေပုံ ၀န်ဆောင်မှု လုပ်ငန်းများ ချောမွေ့စေရန် တစ်စိတ်တစ်ပိုင်း အားထုတ်မှု တစ်ရပ်အနေဖြင့်
Embark တည်နေရာ ရှာဖွေမှု ဆော့ဖ်ဝဲ ကုမ္ပဏီအား ၀ယ်ယူခဲ့သည်။ Apple သည် မိမိကိုယ်ပိုင်မြေပုံ ၀န်ဆောင်မှု နည်းပညာကို အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး လွန်ခဲ့သော နှစ်က Google Inc. (GOOG) ၏ မြေပုံ ၀န်ဆောင်မှု အသုံးပြုခြင်းအား ရပ်ဆိုင်းခဲ့ကာ အခြားသော မြေပုံနှင့် တည်နေရာ ရှာဖွေမှု ဆော့ဖ်ဝဲ ကုမ္ပဏီများအား ၀ယ်ယူခဲ့သည်။

ယခုအခါတွင် Apple ၏ ကိုယ်ပိုင်မြေပုံ ၀န်ဆောင်မှု နည်းပညာတွင် အားနည်း ချို့ယွင်းချက်များ ပေါ်ပေါက်လာသည့် အတွက် အမှုဆောင် အရာရှိချုပ် Tim Cook အနေဖြင့် အသုံးပြုသူများအား တောင်းပန်စကား ပြောကြားခဲ့ရသည်။ လွန်ခဲ့သော လက transit-navigation ၀န်ဆောင်မှု HopStop.com Inc နှင့် စီးပွားရေး လုပ်ငန်းများ တည်နေရာနှင့် မြေပုံ ၀န်ဆောင်မှု အဓိက လုပ်ကိုင်သော Locationary Inc တို့အား ၀ယ်ယူခဲ့သည်။ ယခုနှစ် အစောပိုင်း ကာလကလည်း စမတ်ဖုန်း အသုံးပြုသူများ အဆောက်အဦးအတွင်း ရောက်ရှိသည့်အခါ တည်နေရာ ရှာဖွေ သိရှိနိုင်သည့် နည်းပညာ တစ်ခုဖြစ်သော WifiSLAM အား ၀ယ်ယူခဲ့သည်ကိုလည်း တွေ့ရသည်။

http://www.bloomberg.com/news/2013-08-22/apple-purchases-software-compan...

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post