အမေရိကန်နိုင်ငံ ၊ ကယ်လီဖိုးနီယား ပြည်နယ်ရှိ NASA’s Jet Propulsion Laboratory (JPL) မှ အတည်ပြု ပြောကြားချက် အရ ယခုလ ၆ ရက်ကပင်
ရှာဖွေ တွေ့ရှိခဲ့သော 2013 LR6 အမှတ်အသား ပြုထားသည့် ဂြိုဟ်တစ်လုံးသည်
ဇွန် ၈ ရက် ရုရှား စံတော်ချိန် ညနေ ၄ နာရီ ၂၅ မိနစ်တွင် ကမ္ဘာဂြိုဟ်နှင့်
၁၁၁,ဝဝဝ ကီလိုမီတာ (မိုင်ပေါင်း ၆၉,၀၀၀) အကွာမှ တစ်စက္ကန့်လျှင် ၉ ဒသမ ၈
ကီလိုမီတာနှုန်းဖြင့် ဖြတ်သန်း သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ 2013 LR6 ဂြိုဟ်သည် အချင်းဝက် ၅ မီတာမှ ၁၅ မီတာ (၁၆ ပေမှ ၅၄ ပေ)
ရှိပြီး ထရပ်ကား အရွယ်အစား နီးပါးရှိကာ ဖေဖော်ဝါရီလ အတွင်းက ရုရှား
နိုင်ငံသို့ ကျရောက် ပေါက်ကွဲခဲ့သော ဂြိုဟ်သိမ် တစ်လုံး၏ အရွယ်အစား
ခန့်ရှိသည်။ 2012 DA14 ဂြိုဟ်သိမ်ကို Catalina Sky Survery အဖွဲ့က ပထမဆုံး
အကြိမ်အဖြစ် ယခုလ ၆ ရက်ကပင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၁၆၇ ခုမြောက်
ဂြိုလ်ဖြစ်ကြောင်း Minor Plant Center ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက် အရ
သိရသည်။ ယခုအခါ ယင်းဂြိုဟ်သိမ်၏ အရွယ်အစားနှင့် ပတ်လမ်းကို ဆုံးဖြတ်ရာတွင်
အထောက်အကူ ဖြစ်စေရန်အတွက် နောက်ဆက်တွဲ စောင့်ကြည့် လေ့လာမှုများကို
လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
Source: redOrbit Staff & Wire Reports - Your Universe Online http://www.redorbit.com/news/space/1112869082/asteroid-2013-lr6-passes-b...
Wondershare Filmora Crack 10.5.5.24 လုပ်နည်း
3 years ago
0 Comments