ကလေးသူငယ် ပုံများမှ လိင်ဆွဲဆောင်မှုများ မဖြစ်ပွားနိုင်ရန် အင်တာနက်ဝဘ်ဆိုဒ်များအား ဗြိတိန် ၀န်ကြီးချုပ် တိုက်တွန်း

ကလေးသူငယ်များမှ လိင်ဆွဲဆောင်သည့် ပုံများ ၊ စာများနှင့် ပတ်သက်၍ အင်တာနက်တွင် ရရှိနေမှုများအား နည်းပညာ အသုံးပြု၍
ကန့်သတ် ထိန်းချုပ်သွားရန် အင်တာနက် ကုမ္ပဏီများနှင့် ရှာဖွေရေး ၀ဘ်ဆိုဒ်များဖြစ်သည့် Google ၊ facebookနှင့် အခြား search engines website များအား ဗြိတိန် ၀န်ကြီးချုပ် David Cameron မှ တိုက်တွန်း ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံတွင် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ၅နှစ်အရွယ် ကလေးငယ်အား မုဒိမ်းကျင့်ပြီး သတ်ဖြတ်သည့် လူမဆန်သည့် ဖြစ်ရပ်နှင့် အသက် ၁၂ နှစ် အရွယ် ကလေးငယ်အား မုဒိန်းမှု ဖြစ်ပွားခဲ့မှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်ရပ်များသည် မုဒိန်းသမားများ အနေဖြင့် သားကောင်ကို အင်တာနက်မှတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သုံးသပ် တွေ့ရှိခဲ့ပြီး ဗြိတိန် ၀န်ကြီးချုပ်မှ ယခုကဲ့သို့ အင်တာနက် ရှာဖွေရေး ၀ဘ်ဆိုဒ်များအား တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။


Source: AFP

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post