အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ NSA သည် ဝါရှင်တန် အခြေစိုက် ဥရောပသမဂ္ဂ (EU)ရုံးများ၏ ဖုန်းအဆက်အသွယ်များ
၊ အင်တာနက် ချိတ်ဆက်မှု ကွန်ယက်များကို အွန်လိုင်းပေါ်မှတစ်ဆင့် ခိုးဝင် ထောက်လှမ်းခဲ့ပြီး ရုံးတွင်း ကွန်ပြူတာများမှလည်း အချက်အလက်များကို ရယူခဲ့ကြောင်း ဖော်ပြထားသည့် လျှို့ဝှက် စာရွက်စာတမ်း တစ်ရွက်ကို လက်ခံရရှိထားကြောင်း ဂျာမန် မဂ္ဂဇင်း der spiegel မှ သူ၏၀ဘ်ဆိုဒ်တွင် တရားဝင် ဖော်ထုတ်ခဲ့သည်။
အဆိုပါ စာရွက်စာတမ်းများကို အမေရိကန် အစိုးရ၏ လျှို့ဝှက်ချက်များကို လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့မှု အတွက် အီကွေဒေါ နိုင်ငံတွင် ခိုလှုံရန် ထွက်ပြေး တိမ်းရှောင်နေရသည့် အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ NSA contractor စီအိုင်အေ အရာရှိဟောင်း Edward Snowden မှ ပြသခဲ့ခြင်း ဖြစ်ကြောင်း Der Spiegel မှ ၀န်ခံ ပြောကြားထားသည်။ အဆိုပါ ကိစ္စသာ မှန်ကန်ခဲ့ပါက အီးယူ-အမေရိကန် ဆက်ဆံရေးကို ထိခိုက်သွားစေနိုင်ကြောင်း ဥရောပ ပါလီမန် ဥက္ကဌ Martin Schulz မှ ပြောကြားခဲ့ပြီး အမေရိကန် နိုင်ငံမှ ပြန်လည် ဖြေရှင်းချက်ကို သိလိုကြောင်း ပြန်လည် မေးမြန်းထားသည်။
source: reuters