ဂျပန်နိုင်ငံ၏ ပထမဆုံး စက်ရုပ်အာကာသယာဉ်မှူး

ဂျပန်နိုင်ငံဟာ စက်ရုပ် အာကာသယာဉ်မှူးကို အောင်မြင်စွာ ဖန်တီးပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။  Kirobo အမည်ရတဲ့
အဲဒီစက်ရုပ်ဟာ ဂျပန်နိုင်ငံရဲ့ ပထမဆုံး စက်ရုပ် အာကာသယာဉ်မှူးဖြစ်ပြီး၊ အာကာသအတွင်းရှိ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ရုံသာမက ကမ္ဘာမြေပေါ်က လူသားတွေနဲ့ပါ အပြန်အလှန် စကားပြောဆိုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စက်ရုပ်ကို လာမယ့် သြဂုတ်လမှာ  ဂျပန် အာကာသယာဉ်မှူး Kouichi Wakata နဲ့အတူ နိုင်ငံတကာ အာကာသစခန်းကို  လွှတ်တင်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ Kirobo  ဟာ အာကာသအတွင်း လိုက်ပါစီးနင်းမယ့် ဂျပန်နိုင်ငံရဲ့ ပထမဆုံး အာကာသ စက်ရုပ်ဖြစ်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post