Looking For Anything Specific?

ads header

Nokia Lumia 1020 smartphone အား ဈေးကွက်တွင် စတင်မိတ်ဆက်

ဇူလိုင်လ ၃ ရက်နေ့တွင် Nokia ကုမ္ပဏီမှ မျိုးဆက်အသစ် သုံးမျိုးဖြစ်သည့် Nokia 207 ၊ 208 နှင့်  208 dual-sim တို့ကို ဈေးကွက် တင်ခဲ့ပြီးနောက်
ဇူလိုင်လ ၁၅ ရက်နေ့တွင်လည်း Lumia 1020 smartphone ကို အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့တွင် စတင် ဈေးကွက် တင်လိုက်ပြန်ကြောင်း သိရသည်။

အဆိုပါ Lumia 1020 စမတ်ဖုန်းသည် လက်ရှိ Nokia ဖုန်းများ၏ လက်တွေ့ လုပ်ဆောင်မှု အပိုင်း၏ အားသာချက်များကို ဖြည့်စွက်ထားကာ အားနည်းချက် အနည်းဆုံးဖြစ်အောင် လပေါင်း ၃၀ ကြာ အချိန်ယူ ဖန်တီးထားရာမှ ဖြစ်ပေါ် လာရသည့် ဖုန်းဖြစ်ကြောင်း ၊ နောက်ဆုံးမှ ထုတ်လုပ်ပြီး နည်းပညာရှေ့ဆုံး ရောက်နေသည့် ဖုန်းဖြစ်လာမည် ဖြစ်ကြောင်း Nokia ကုမ္ပဏီ၏ CEO ဖြစ်သူ Stephen Elop မှ ပြောကြားခဲ့သည်။ Lumia 1020 စမတ်ဖုန်းတွင် 41-megapixel ရှိသည့် ကင်မရာလည်း ထည့်သွင်းထားသည်။


Source: REUTERS


Post a Comment

0 Comments