ကိုရီးယား လေကြောင်း အာကာသ တက္ကသိုလ်နှင့် ပူးပေါင်းပြီး ပြည်တွင်း အိုင်စီတီ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင် လျက်ရှိ


ပြည်တွင်း အိုင်စီတီ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကိုရီးယား နိုင်ငံရဲ့ ကိုရီးယား လေကြောင်း အာကာသ တက္ကသိုလ်နဲ့ ပြည်တွင်းမှ မြန်မာနိုင်ငံ
ကွန်ပျူတာ အသင်းချုပ်တို့ ပူးပေါင်းပြီး လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို လုပ်ဆောင်ရာ မှာလည်း ရန်ကုန်တိုင်း ဒေသကြီးနဲ့ မန္တလေးတိုင်း ဒေသကြီးတို့မှာ အိုင်တီစင်တာများ ထားရှိပြီး ပြည်တွင်း အိုင်တီကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပထမဆုံး ပရောဂျက် အနေနဲ့ အဆိုပါ တိုင်းဒေသကြီး နှစ်ခုမှာ အိုင်တီကဏ္ဍ သင်တန်းကျောင်း တွေကို သင်တန်း ဘာသာရပ် အလိုက် ခွဲခြားပို့ချ ပေးသွားမှာ ဖြစ်ပါတယ်။ အခုလို ပြုလုပ်မှုဟာ ပြည်တွင်းမှာ ပထမဆုံး အနေနဲ့ဖြစ်ပြီး အဆိုပါ ကိုရီးယား လေကြောင်း အာကာသ တက္ကသိုလ်ဟာ ဆိုရင်လည်း နိုင်ငံတကာနဲ့ ပူးပေါင်းမှုဟာ ပထမဆုံး အကြိမ် ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

ဒီလို ပထမဆုံး အကြိမ် ပြုလုပ်ခဲ့တဲ့ ပရောဂျက်ကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့ ဆောင်ရွက် ခဲ့တာဖြစ်ပြီး ယခု ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အထိ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလက်ရှိ သင်ကြားပို့ချ ပေးလျက်ရှိနေတဲ့ ဘာသာရပ်တွေ ကတော့ Data base ၊ Andriod  Mobile Applicaiton ၊ Project Management အစရှိတဲ့ သင်ရိုးတွေကို သင်ကြားပေး နေတာ ဖြစ်တယ်လို့ သိရပါတယ်။

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post