တောင်ကိုးရီးယား နိုင်ငံ အစိုးရ အနေဖြင့် စစ်ဘက် သတင်းများ ပေါက်ကြားမှုများနှင့် ဟက်ကာများရန်မှ ကြိုတင် ကာကွယ်ရန်
လုပ်ဆောင်ချက် တစ်ခုအနေဖြင့် တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ ရုံးများ၌ တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ အသုံးပြုနေသည့် စမတ်ဖုန်းများမှ ကင်မရာနှင့် အသံဖမ်း ကိရိယာသုံး ခလုတ်များ အသုံးပြုခြင်းအား ကန့်သတ်သည့် "Mobile Management Device" ဆော့ဖ်ဝဲများ အသုံးပြုရန် ကာကွယ်ရေး ဝန်ကြီးဌာနက အမိန့် ထုတ်ပြန်လိုက်ကြောင်း ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် Kim Min-Seok မှ ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် တောင်ကိုရီးယား စစ်ဘက်ရုံးများတွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်း အရေအတွက် ၁၅ဝဝ ခန့်ရှိပြီး အဆိုပါ ဝန်ထမ်းများ အနက် ၂ဝ ရာခိုင်နှုန်းသည် အမိန့်ကို လိုက်နာရန် ပျက်ကွက်နေဆဲ ဖြစ်သည်။ Samsung မှ ထုတ်လုပ်သည့် Galaxy ဖုန်း အသုံးပြုသူများနှင့် Android phones အသုံးပြုသူများသည် ဖုန်းခေါ်ဆိုမှု၊ ဖုန်းလက်ခံယူနိုင်မှုနှင့် စာသားမက်ဆေ့ခ်ျ ပို့ယူနိုင်သော်လည်း iPhone အသုံးပြုသူများမှာ အ၀င်ဖုန်း လက်ခံနိုင်မှုနှင့် စာသားမက်ဆေ့ခ်ျ အ၀င်များသာ ရနိုင်ကြောင်း သိရသည်။ လက်ရှိ အချိန်တွင် အဆိုပါ အမိန့်ကို ကာကွယ်ရေး ဝန်ကြီးဌာန အတွင်း တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများ အတွက် ထုတ်ပြန်ထားသော်လည်း နောက် ပိုင်းတွင် တောင်ကိုရီးယား တပ်မတော်သားများ အားလုံး ၎င်းအမိန့်ကို လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
Source: AFP