Google Hangouts ဖြင့် ဖုန်းခေါ်ဆိုနိုင်ပြီ ဖြစ်သော်လည်း မိုဘိုင်းဗားရှင်း မရနိုင်သေး

Gmail တွင် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ပြီဟူသော သတင်းကောင်းကို လက်မလွတ်မိစေကြဖို့နှင့် Google သည် ၄င်းဝန်ဆောင်မှုကို
Google Hangouts တွင် တစ်ပါတည်း ထည့်သွင်း ပေးခဲ့သည်။ အဆိုပါ သတင်းကို ဇူလှိုင်လ (၉) ရက်နေ့က Google တရားဝင် ဘလော့စာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အသုံးပြုသူသည် ၄င်း၏ Gmail account သို့ login ၀င်ရောက်ကာ Google Plus သို့မဟုတ် Hangouts Chrome extension ကို ဖွင့်ရမည်။ ထို့နောက် မိမိ အလိုရှိသည့် ဖုန်းနံပါတ်ကို နှိပ်ကာ ခေါ်ဆိုနိုင်မည်ဟု သိရသည်။ အဆိုပါ VoIP ဖုန်း ၀န်ဆောင်မှုကို စတင် အသုံးပြုနိုင်မည့် နိုင်ငံများမှာ အမေရိကန်နိုင်ငံ ၊ ကနေဒါနှင့် ဗြိတိန်နိုင်ငံတို့ ဖြစ်ကြသည်။ ယခုအခါတွင် မိုဘိုင်းဗားရှင်းကိုမူ မရနိုင်သေးကြောင်း သိရသည်။

http://www.hngn.com/articles/7321/20130709/google-hangouts-now-voice-cal...

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post