Looking For Anything Specific?

ads header

HTC One နှင့် Galaxy S4 Google Play Editions တို့အတွက် 4.3 OTA အား Google ထုတ်ပေး

HTC One နှင့် Galaxy S4 Google Play Editions တို့အတွက် Android 4.3 (Jelly Bean MR2) update အား Google မှ ထုတ်ပေးခဲ့သည်။
Galaxy S4 အတွက် update ဖိုင်သည် 150 MB ပမာဏရှိကာ၊ HTC One အတွက် update ဖိုင် သည် 180 MB ပမာဏခန့်ရှိပြီး build နံပါတ် JWR66V ဖြင့် ထွက်ပေါ်လာသည်ဟု ဆိုသည်။

Google သည် ၄င်း၏ Google Play Editions များအတွက် စောလျင်စွာ update ပြုလုပ်ပေးမည်ဟု ကတိပြုခဲ့သည့် အတိုင်း တရားဝင် Nexus program 4.3 OTA စတင်ပြီး တစ်ပတ်ခန့်ကြာပြီးနောက် ၄င်းကဲ့သို့ update များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ Android 4.3 တွင် မည်သည့် ကွဲပြားခြားနားချက်များ ပါဝင်လာမည်ဆိုသည်ကို မကြာမီ တွေ့မြင်နိုင်တော့မည် ဖြစ်သည်။

http://www.anandtech.com/show/7199/google-releases-43-ota-for-htc-one-an...


Post a Comment

0 Comments