iWatch ပစ္စည်း အမှာစာများ လက်ခံ ရရှိခဲ့သည့် ထိုင်ဝမ် ထိပ်တန်း အီလက်ထရောနစ် စီးပွားရေး လုပ်ငန်းစုနှစ်ခု

Apple မှ အသစ် ထပ်မံ ထုတ်လုပ်လိုက်သည့် iWatch အတွက် ကုန်ပစ္စည်း အမှာစာများကို ထိုင်ဝမ်ရှိ ထိပ်တန်း အီလက်ထရောနစ် စီးပွားရေး
လုပ်ငန်းစု နှစ်ခုက လက်ခံ ရရှိခဲ့ကြောင်း သိရှိရသည်။ Apple အနေဖြင့် iWatch များကို လာမည့် ၂၀၁၄ ခုနှစ်တွင် ဈေးကွက်အတွင်း စတင် မိတ်ဆက်နိုင်ရန် ရည်မှန်းထားပြီး Inventec Company အနေဖြင့် ကုန်ပစ္စည်း အမှာစာ စုစုပေါင်း၏ (၆၀) ရာခိုင်နှုန်း လက်ခံ ရရှိထားပြီး ကျန်ရှိသည့် အမှာစာ (၄၀) ရာခိုင်နှုန်းကို Quanta Computer Company က ရရှိခဲ့သည်။

ယခု iWatch မိတ်ဆက်မှု အပြီးတွင် ဆက်လက်ပြီး နည်းပညာ ဈေးကွက်၌ Google မှ စမတ်ဖုန်းများ အပါအ၀င် နည်းပညာသုံး မျက်မှန်များကိုပါ ဆက်တိုက် ဖြန့်ချိ သွားနိုင်ကြောင်း ၊ ယခုအခါ Smartwatch ဈေးကွက်အတွင်း Apple အပါအ၀င် Google ၊ Microsoft၊ Samsung အစရှိသည့် နည်းပညာ Company များက ဈေးကွက် လက်ဦးမှုရယူရန် အကြိတ်အနယ် ယှဉ်ပြိုင်လျက် ရှိကြောင်း ၊ ကယ်လီဖိုးနီးယား အခြေစိုက် Apple Company အနေဖြင့် ဇူလိုင်လ အတွင်းက ဂျပန်နိုင်ငံတွင် iWatch နှင့် ပတ်သက်ပြီး ကုန်ပစ္စည်း အမှတ်တံဆိပ် မူပိုင်ခွင့် ရရှိစေရန် လျှောက်ထားချက်ကို သက်ဆိုင်ရာအား တရားဝင် တင်ပြ လျှောက်ထားခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။ ယခုနှစ်အတွက် ၀တ်ဆင်နိုင်သော နည်းပညာ ပစ္စည်းများကဏ္ဍ (Wearable Computing Sector) တွင် နည်းပညာ Company ပေါင်းမြောက်မြားစွာ ပါဝင် ယှဉ်ပြိုင်ကာ ဈေးကွက်အတွင်းသို့ အကြိတ်အနယ် ထိုးဖောက်လာမည့် အလားအလာများ ရှိနေကြောင်း Apple Company ၏  အကြီးအကဲ Tim Cook က ပြောကြားခဲ့သည်။

Source: AFP
http://www.channelnewsasia.com/news/business/taiwan-wins-apple-iwatch/79...

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post