ရိုဘော့စက်ရုပ်များ တီထွင်နိုင်မှု စွမ်းအား မြှင့်တင်နိုင်ရန် ကြိုးပမ်းနေသည့် စင်ကာပူ သုတေသန ပညာရှင်များ

သြဂုတ်လ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် စင်ကာပူနိုင်ငံ အမျိုးသားနေ့ အခမ်းအနားတွင် စင်ကာပူ နိုင်ငံ ၀န်ကြီးချုပ်
Lee Hsien Loong က ယနေ့ခေတ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှု လုပ်ငန်း ကဏ္ဍများ၌ လူသားတို့ တီထွင် ဖန်တီးနိုင်သည့် ဥာဏ်ပညာ စွမ်းပကားသည် များစွာ လွှမ်းမိုးမှု ရှိလာသည်ကို သတိပြုမိကြောင်း ၊ ဥပမာ တစ်ခုအနေဖြင့် Huggler ဟု အမည်ပေးထားသည့် မျောက်သဏ္ဍာန် ရိုဘော့စက်ရုပ်သည် အသက်အရွယ် ကြီးရင့်သူများ အတွက် စိတ်ဓာတ်ကျမှု လျော့ကျစေနိုင်သည့် နည်းလမ်းကောင်း တစ်ခုဖြစ်လာသကဲ့သို့ တခြားတခြားသော စိတ်ပိုင်းဆိုင်ရာ အခြေအနေဆိုးများအား ဟန့်တားနိုင်မည့် အထောက်အကူပြု ပစ္စည်းတစ်ခုအဖြစ် အသုံးပြုလာနိုင်ပြီ ဖြစ်ကြောင်း အသိအမှတ်ပြု ပြောကြားခဲ့သည်။ သုတေသန ပညာရှင်များ အနေဖြင့်လည်း Huggler သည် ဆေးပညာ ကဏ္ဍ၌ အသုံးတည့်လာသကဲ့သို့ ဆေးပညာ ကျွမ်းကျင် ၀န်ထမ်းများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တာဝန်များကိုလည်း တဖက်တလမ်းမှ လျှော့ချပေးရာ ရောက်သည်ဟု ယုံကြည်ကြသည်။

Huggler များကို တီထွင် ဖန်တီးရာတွင် ၄င်းတို့၏ ဦးခေါင်းပိုင်းနှင့် ကိုယ်ခနာအတွင်း မိုက်ကရိုဖုန်းများ တပ်ဆင်ပေးထားပြီး စပီကာနှင့် စမတ်ဖုန်းများကိုလည်း ထည့်သွင်း တပ်ဆင်ထားသည့်အတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူများစွာ ရရှိနိုင်ကြောင်း ၊ ပြည်ပမှ အလုပ်သမားများ ၊ ကျွမ်းကျင် အလုပ်သမားများအား အပြည့်အ၀ မှီခို အားကိုးနေရသည့် အနေအထားကို အနည်းငယ် လျှော့ချနိုင်မည်ဖြစ်သည့် အတွက် ကုန်ထုတ်လုပ်မှု စရိတ်ကိုလည်း လျှော့ချရာရောက်ပြီး ပြည်တွင်း လုပ်ငန်းငယ်များအတွက် စွမ်းဆောင်နိုင်ရည်လည်း များစွာ မြင့်တက်လာမည် ဖြစ်ကြောင်း ၊ ထိုသို့ဆိုသော်လည်း အဆိုပါ ရိုဘော့များအား လူသားများ နေရာတွင် အပြည့်အ၀ အစားထိုး အသုံးပြုသွားမည်ဟု မဆိုလိုကြောင်း ၊ ယင်းစက်ရုပ်များက ကာယအင်အား စိုက်ထုတ်ရမည့် လုပ်ငန်း စဉ်များအတွက် အထောက်အကူပြုစေပြီး လူသားများ အနေဖြင့်မူ စက်ရုပ်များ မစွမ်းဆောင်နိုင်သည့် လုပ်ငန်း စီမံခန့်ခွဲမှုနှင့် ဆုံးဖြတ်ချက်များ ချမှတ်ရေးဆွဲနိုင်မှုတို့ကို ပိုမို အာရုံစိုက် လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း စင်ကာပူ နိုင်ငံ ကုန်ထုတ်လုပ်မှု နည်းပညာ တိုးတက်ရေး အဖွဲ့မှ အကြီးတန်း သိပ္ပံပညာရှင် Dr. Yang Guilin က ပြောကြားခဲ့သည်။

Source: CNA
http://www.channelnewsasia.com/news/singapore/s-pore-researchers/784284....

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post