Looking For Anything Specific?

ads header

ပရိသတ်နှင့် မိတ်ဆက်ပေးခဲ့သည့် Samsung Galaxy Golden

စမတ်ဖုန်း နည်းပညာကို ဦးဆောင်နေသည့် ကုမ္ပဏီ တစ်ခုဖြစ်သည့် Samsung အနေဖြင့် များမကြာသေးမီကပင်
Galaxy S4 mini ၊ Galaxy Note III နှင့် Galaxy Mega 6.3-inch phone များကို ထုတ်လုပ် ဖြန့်ချိခဲ့ပြီး ယခုအခါ Samsung Galaxy Golden ကို ဈေးကွက်နှင့် မိတ်ဆက် ပြသခဲ့သည်။ ယခင်ထွက်ရှိပြီး ဖြစ်သည့် မျက်နှာပြင် နှစ်ဖက်ပါ Samsung Hennessy စမတ်ဖုန်းထက် အရည်သွေးမြှင့်ကာ Galaxy Golden ကို ထုတ်လုပ်ရခြင်း ဖြစ်သည်။

Samsung Galaxy Golden သည် Keypad နှင့် မျက်နှာပြင် တစ်ဖက်စီပါသည့် ခေါက်ဒီဇိုင်းဖြစ်ပြီး  Super AMOLED မျက်နှာပြင် ၃.၇ လက်မရှိသည်။ Processor 1.7GHz Dual-core အသုံးပြုထားပြီး ကင်မရာ ၈-megapixels နှင့် ရှေ့ကင်မရာ ၁.၉-megapixels အသုံးပြုပေးထားသည်။ ဘက်ထရီမှာ 1820mAh ဖြစ်သည်။ ထို့ပြင် FM radio၊ Samsung S Health App နှင့် 4G LTE network များလည်း ပါဝင်သည်။ ဖုန်းတန်ဖိုးမှာ ဒေါ်လာ ၇၀၀ ဖြစ်ပြီး တောင်ကိုးရီးယားနှင့်တရုတ် ဈေးကွက်တွင် လက်ဦးမှု ရယူရန် မကြာမီ ဖြန့်ချိတော့မည် ဖြစ်ကြောင်း သိရသည်။

http://guardianlv.com/2013/08/samsung-announces-galaxy-golden-dual-scree...

Post a Comment

0 Comments