တရုတ်နိုင်ငံ ဆိုင်ဘာ လုံခြုံရေး ကဏ္ဍတွင် အကြီးမားဆုံး DDoS အင်တာနက်
တိုက်ခိုက်မှုကြီး အဖြစ် ဒေသ စံတော်ချိန် နံနက် ၂နာရီနှင့် နံနက် ၄နာရီတွင်
နှစ်ကြိမ် တိုက်ခိုက်ခဲ့ရသည်။ အဆိုပါ တိုက်ခိုက်မှုသည် .cnနှင့်ဆုံးသော ဝက်ဘ်ဆိုက်များကို ပစ်မှတ်ထားကာ တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး အင်တာနက် အသုံးပြုသူအချို့ နာရီ အနည်းငယ်ကြာ အသုံးပြု၍ မရခဲ့ကြောင်း တရုတ် အင်တာနက် ကွန်ရက် သတင်း အချက်အလက် စင်တာ(China Internet Network Information Centre (CNNIC) က ထုတ်ပြန်ခဲ့သည်။
အမေရိကန် အစိုးရ ဌာနများနှင့် စီးပွားရေး လုပ်ငန်းများ၏ ဝက်ဘက်ဆိုက်များအား ဆိုက်ဘာ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အမေရိကန် အစိုးရက တရုတ် အစိုးရအား စွပ်စွဲထားသည်။ နံနက် ၄နာရီ တွက်တိုက်ခိုက်ခဲ့သည့် ဒုတိယအကြိမ် တိုက်ခိုက်မှုသည် တရုတ်အတွက် အကြီးမားဆုံး တိုက်ခိုက်မှု တစ်ခုဖြစ်ပြီး မည်သည့် အဖွဲ့အစည်း၏ လက်ချက် ဖြစ်သည်ကိုမူ မထုတ်ပြန်ခဲ့ပေ။ DDoS တိုက်ခိုက်မှုများမှာ ဆာဗာ၏ လုပ်ဆောင်မှုများကို နှောင့်ယှက် ဟန့်တားသည့် ထိရောက်သည့် တိုက်ခိုက်မှု ဖြစ်ကြောင်း သိရသည်။
http://www.rfa.org/english/news/china/hacking-08282013104240.html