Google Hangouts တွင် HD video အသုံးပြုနိုင်

ယခင် အသုံးပြုခဲ့သော Google Talk ကို အစားထိုးခဲ့သည့် Google Hangouts သည် ယခင်ကတည်းက သူငယ်ချင်း အချင်းချင်း
စကားပြောဆို ဆက်သွယ်ခြင်း သို့မဟုတ် စီးပွားရေး လုပ်ငန်းများ အချင်းချင်း စည်းဝေးတွေ့ဆုံရန် အသုံးပြုနိုင်ခဲ့ပြီး ၊ ယခုအခါတွင် 720p HD ဗွီဒီယိုဖြင့် အသုံးပြုနိုင်ရန် အဆင့်မြှင့်တင်ခဲ့သည်။

ယခုအခါ HD ဗွီဒီယို ၀န်ဆောင်မှုကို အသုံးပြုသူ တစ်ချို့တွင် စတင် အသုံးပြုနိုင်ပြီ ဖြစ်ကာ နောက်ပိုင်းတွင် အဆိုပါ ၀န်ဆောင်မှုကို လူတိုင်း အသုံးပြုလာနိုင်မည်ဟု GigaOm က ပြောကြားခဲ့သည်။ ဆိုလိုသည်မှာ အဆိုပါ ၀န်ဆောင်မှုကြောင့် စကားပြောဆို ဆက်သွယ်ရာတွင် ပိုမို ကောင်းမွန်လာမည် ဖြစ်သည်။ HD ဗွီဒီယို ၀န်ဆောင်မှုကို Google မှ အဆင့်မြှင့်တင်လိုက်သည့် အတွက် ယခင်ကကဲ့သို့ browser plug-in အသုံးပြုရခြင်း မရှိတော့ကြောင်း သိရသည်။

http://venturebeat.com/2013/08/28/google-hangouts-adds-hd-video-moves-aw...

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post